ANSWERING ALL YOUR NEEDS

FGI က မှန် ထုတ်လုပ်မှုနဲ့ ပတ်သက်ရင်ဝန်ဆောင်မှု အမျိုးအစားစုံလင်စွာ ပေးပါတယ်။ တိကျမှု၊ ကျွမ်းကျင်မှုတွေကို အခြေပြုထားပြီး နောက်ဆုံးပေါ် နည်းပညာ၊ ပစ္စည်းကိရိယာများနဲ့ အရည်အသွေး ထိန်းချုပ်စစ်ဆေးမှုစနစ်တွေကို လက်တွေ့ ကျင့်သုံးနေတဲ့ အတွက် customer တွေရဲ့ စိတ်ကျေနပ်မှု ရှိစေဖို့ FGI က အာမခံပါတယ်။

null

CUTTING

မှန်များဖြတ်တောက်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာအတွင်း ဒီဇိုင်းပုံစံ ၂ဝဝဝကျော်ကြိုတင်ထည့်သွင်းထားပါတယ်။ ကွန်ပျူတာအတွင်းက ဒီဇိုင်းမဟုတ်ပဲ တခြား ဒီဇိုင်းလိုချင်တယ်ဆိုရင်လည်း ရရှိနိုင်ပါတယ်။ Customer များအနေနဲ့ မိမိလိုချင်တဲ့ ဒီဇိုင်းပုံစံဖိုင်ကို သာ ပေးပို့ဖို့လိုအပ်ပါတယ် ပေးပို့လာတဲ့ ဒီဇိုင်းအတိုင်း ကွန်ပျူတာကနေ ထုတ်ပေးနိုင်ပါတယ်။ အမြန်နှုန်းနဲ့ တိကျမှုရှိဖို့အတွက် မှန်တွေကို ဖော့ဖတ်ပြားပေါ် air cushion blowerနဲ့ ရွှေ့နေချိန်မှာ pneumatic tilting arms တွေက မှန်တွေကို အတင်အချ လုပ်ပေးပါတယ်။ ဒီစနစ်နဲ့ ၃, ၄, ၅, ၆, ၈, ၁၀, ၁၂, ၁၉ နဲ့ ၂၅ mm အသီးသီးရှိတဲ့ မှန်တွေကို ထုတ်လပ်လို့ ရနိုင်ပါတယ်။
null

BEVELING

အနားစောင်း အပြားလိုက်သွေးခြင်း (beveling) က မှန်ရဲ့ ထုထည်ကို ပိုမိုပေါ်လွင်စေပါတယ်။ Beveled လုပ်ထားတဲ့ မှန်အနားစောင်းတွေဟာ အရောင်တောက်ပပြီး ပြောင်လက်ဝင်းမွတ်စေပါတယ်။ ဒီလို အပြားလိုက်သွေးထားတဲ့ အနားစွန်း ဧရိယာဟာ ၈ mm မှ ၃၈ mm အထိရှိပါတယ်။ Omate applications တွေမှာ အသုံးများပါတယ်။ ၅, ၆, ၈, ၁၀, ၁၂, ၁၉ နဲ့ ၂၅ mm အထူရှိတဲ့ မှန်တွေကို beveled လုပ်လို့ ရနိုင်ပါတယ်။
null

SANDBLASTING

Sandblasting ကတော့ မှန်မျက်နှာပြင်ကို အမြင့်မားဆုံး နှုန်းနဲ့ သဲမှုတ်တဲ့ နည်းစဉ်တစ်ခုဖြစ်ပါတယ်။ သဲမှုတ်ခြင်းက etching ပြုလုပ်ပြီး ရလာတဲ့ translucent surface တွေထက် ပိုမို မှုန်ဝါးပြီး ကြမ်းထည်မှုရှိပါတယ်။ အချောသတ်ထုတ်ပြီးသား မှန်တွေရဲ့ translucency ဖြစ်ခြင်းဟာ ထုတ်လုပ်ချိန်မှာ အသုံးပြုတဲ့ အားနဲ့ အသုံးပြုတဲ့ သဲအမျိုးအစားပေါ်မူတည် ကွဲခြားပါတယ်။ ဒီဇိုင်းနဲ့ ပုံစံတွေကိုလည်း mask ကို အသုံးပြုပြီးတော့ ပုံဖော်နိုင်ပါတယ်။ Mask က sandblaster မှ ထွက်လာတဲ့ ကျောက် အပိုင်းအစတွေရဲ့ ပွတ်တိုက်မှုအားကို ကာကွယ်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ၃, ၄, ၅, ၆, ၈, ၁၀, ၁၂, ၁၉ နဲ့ ၂၅ mm အထူရှိတဲ့ မှန်တွေကို sandbaslting လုပ်လို့ရနိုင်ပါတယ်။ အကြီးဆုံး အရွယ်အစားကတော့ ၂,၁၃၄ နဲ့ ၃,၀၅၀ mm ရှိတဲ့ မှန်တွေပဲဖြစ်ပါတယ်။
null

DRILLING

ရေချိုးခန်း၊ရုံးခန်း၊နေအိမ်၊ကြည့်မှန် စတဲ့နေရာတွေမှာ အသုံးပြုတဲ့ မှန်တွေကို အပေါက်ဖောက်ဖို့အတွက် FGIက တိကျမှန်ကန်မူရှိတဲ့ ဖောက်စက်ကိုသာ အသုံးပြုပါတယ်။ စက်ဖောက်တဲ့ အပေါက်ဟာ ၆ mm မှ ၁၅၀ mm အထိရှိတဲ့ အပေါက်တွေကို တိကျမှန်ကန်စွာနဲ့ သေသပ်စွာ ဖောက်ထွင်းပေးနိုင်ပါတယ်။ drilling လုပ်ခြင်းကို (၃+၃), (၄+၄), ၅, ၆, ၈, ၁၀, ၁၂, ၁၉ နဲ့ ၂၅ mm အထူရှိတဲ့ မှန်တွေမှာ ပြုလုပ်လို့ ရနိုင်ပါတယ်။
null

EDGING

မှန်သွေးခြင်း (edging) က မှန်ထောင့်စွန်းတွေကို ပြတ်ရှမှုမရှိစေအောင် သွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ flat grind edgework က မှန်တွေရဲ့ ထောင့်စွန်းတွေ အနားစောင်းတွေကို လုံးဝန်းချောမွေ့စေပါတယ်။ဒါကြောင့် flat grind edgework က မှန်ရောင် မှန်သား တောက်ပတဲ့ မှန်ချပ်တွေကို ရရှိစေနိုင်ပါတယ်။ ဒီလို လုံးဝန်းအချောသတ်ထားတဲ့ အနားစွန်း ဧရိယာဟာ ၃ mm မှ ၅ mm အထိရှိပါတယ်။ အနားသတ်လုံးဝန်းလို့ရတဲ့ မှန် အရွယ်အစားတွေကတော့ ၅, ၆, ၁၀, ၁၂, ၁၉ နဲ့ ၂၅ mm အထူရှိတဲ့ မှန်တွေပဲဖြစ်ပါတယ်။ FGIမှာ single နဲ့ double edging ဝန်ဆောင်မူ နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။