မြင့်မားတဲ့ အရည်အသွေးများအတွက်

FGI First Glass Industry ကို မြန်မာနိုင်ငံမှာ ပထမဦး ဆုံး safety glass ထုတ်လုပ်သူအဖြစ် ၂၀၁၁ ခုနှစ်မှာစတင် တည်ထောင်ခဲ့ပါတယ်။ တည်ထောင်ချိန်ကစလို့ customer တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတွက် အရည်အသွေးမှာ ထူးခြားကောင်းမွန်တဲ့ safety glass အမျိုးမျိုးကို ထုတ်လုပ်ပေးလျှက်ရှိ ပါတယ်။ဒါအပြင် FGI ဟာ ဝန်ဆောင်မှုပိုင်းနဲ့ လည်း နာမည်ကောင်းရရှိထားပါတယ်။ Edging ကနေ sandblasting လုပ်တဲ့ ဝန်ဆောင်မှုတွေ အထိ တိကျမှုနဲ့ ပြီးပြည့်စုံမှုရှိစေဖို့ အာမခံ ဝန်ဆောင်ပေးနေပါတယ်။

Customerများ ၁၀၀% စိတ်ကျေနပ်မှုရှိစေရေးနဲ့ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်ဖြစ်ရေးသည် FGI ရဲ့ အဓိက ဦးစားပေးဖြစ်ပါတယ်။ ဒါအပြင် FGIဟာ  မြန်မာပြည်မှာ ISO 9001 : 2015 ကို ရရှိပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။

၃ ဧက ကျော် အကျယ်အဝန်း ရှိတဲ့ စက်ရုံထဲမှာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ဝန်ထမ်း ပေါင်း ၇၀ ကျော်ရှိပါတယ်။ ယခုလို ဝန်ထမ်းအင်အားနှင့် ထုတ်လုပ်နိုင်မှုမှာ အားသာပေမဲ့လည်း FGIက မှန်များကို အရေအတွက် များများ အလျင်စလို ထုတ်လုပ်ခြင်း မရှိပါဘူး။ တစ်နေ့ကို  စတုရန်း ပေ ၂၀၀၀ ဝန်းကျင်ခန့်သာ ရှိတဲ့ မှန်တွေကို အရည်အသွေးကောင်းကောင်းနဲ့ စနစ်တကျ ထုတ်လုပ်ပါတယ်။

နှစ် ၃၀ ကျော် အတွေ့အကြုံများနဲ့

အကောင်းဆုံးအတွက် ရင်းနှီးမြှပ်နှံ

အကောင်းဆုံး အရည်အသွေးကို ရရှိဖို့ FGI က စက်ရုံအဆောက်အဦးနဲ့ စက်ယန္တရားများ ဝယ်ယူရာမှာ အမေရိကန်ဒေါ်လာ ၅၆သန်း ရင်းနှီးမြှပ်နှံထားပါတယ် ။ အရည်အသွေးကောင်းမွန်တဲ့ နောက်ဆုံးပေါ် စက်ယန္တရား ၅၀ ကျော် ပိုင်ဆိုင်ထားပြီး ဒီအဆင့်မြင့်စက်ယန္တရားများကြောင့် FGI ဟာ အရည်အသွေး မြင့်မားတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။

products_tempered

TEMPERED GLASS

Tempered glass ထုတ်လုပ်မှုအတွက် FGIက အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ရင်းနှီးမြှပ်နှံထားပါတယ်။ တစ်နေ့ကို ၅ ကနေ ၁၂ mm ကြား အထူရှိတဲ့ ၄၅၀၀၀ စတုန်းရန်မီတာ အရွယ်အစား မှန်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ထုတ်လုပ်မူဖြစ်စဉ်တစ်ခုလုံး ချော့မွေ့ပြီး တသမတ်တည်းဖြစ်စေဖို့ Convection heating စနစ်ကို အသုံးပြုထားပြီး multiple heating zones ကတော့ တိကျသေချာမူကိုရရှိစေပါတယ်။ ထုတ်ကုန်ရဲ့ အပြစ်အနာဆာတွေကို ချက်ချင်း ဖော်ထုတ်ပေးမယ့် advanced scanning system ကိုလည်း အသုံးပြုထားပါတယ်။ ဒီစနစ်ဟာ စွမ်းအင်ကို ချွေတာပေးတဲ့အတွက် FGI ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ မှုဝါဒတွေမှာ အများကြီး အထောက်အကူပေးပါတယ်။

products_laminated

LAMINATED GLASS

Laminated glass ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကျော် ရင်းနှီးမြှပ်နှံထားပါတယ်။ ယခုလို စက်ယန္တရားတွေမှာ ငွေကြေး ပမာဏ အများအပြား သုံးစွဲမှုက FGI ဟာ အရည်အသွေးကို အာမခံပေးနိုင်ဖို့အတွက် နောက်ဆုံးပေါ် အဆင့်မြင့် စက်ယန္တရားတွေကိုသာ အသုံးပြုတယ်ဆိုတာကို သက်သေပြလျက်ရှိပါတယ်။ ထုတ်လုပ်မူဖြစ်စဉ် အဆင့်တိုင်းကို အလိုအလျောက် လည်ပတ်တဲ့ automation စနစ်နဲ့ လည်ပတ်ပြီး တိကျသေချာမှုနဲ့ အရည်အသွေး ပြည့်ဝမှုအတွက် ကွန်ပျုတာ ကတဆင့် စနစ်တကျ ထိန်းချုပ်ထားပါတယ်။

ဒီထုတ်လုပ်မူဖြစ်စဉ်ကနေ ၄၅၀၀ mm မှ ၂၇၅၀ mm အတွင်း အထူ ၂၄ mm ရှိတဲ့မှန်ကို ၁၇၂၀ sq ft ပမာဏအထိ တစ်နေ့ချင်း ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီထုတ်လုပ်မူစနစ်ကလည်း စွမ်းအင် သုံးစွဲမူနည်းပါးတဲ့အတွက် FGI ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမူကိုလည်း တပါတည်း စောင့်ရှောက်ပေးပါတယ်။

products_insulated_glass

INSULATED GLASS UNITS

နောက်ဆုံးအနေနဲ့ ထုတ်လုပ်မှုဖြစ်တဲ့ (IGUs) ထုတ်လုပ်ရေး စနစ်ဟာ နံပါတ်တစ် အကောင်းဆုံး စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကနေ ၁,၅၀၀ mm မှ ၁,၈၀၀ mm အတွင်း အထူ ၂၄ mm ရှိတဲ့ မှန်အချပ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ရေဆေးခြင်းကနေ ဂတ်စ် ဖြည့်သွင်းတဲ့ အဆင့်အားလုံးကို ကွန်ပျုတာထိန်းချုပ်မှုနဲ့ လုပ်ဆောင်ပါတယ်။ ဒါကြောင့် ဒီအဆင့်မြင့် ထုတ်လုပ်မူစနစ်ကနေ တိကျမှန်ကန်မှုနဲ့ အရွယ်စုံ ဒီဇိုင်းစုံ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။