အိပ်မက်တွေကို တည်ဆောက်ပေးမယ့် အင်အား

သင့်ရဲ့ စိတ်ကူးကလွဲရင် တခြားအရာတွေက မကန့်သတ်နိုင်မယ့် မှန်တွေကို FGI က ထုတ်လုပ်ပေးနေပါတယ်။ မှန်နဲ့လုပ်ထားတဲ့ လှေကား ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်မိပါသလား ? မှန်ကြမ်းပြင်တွေကိုရော? မျက်နှာကျက်? အိမ်ရဲ့ ဒီဇိုင်းပုံစံအတိုင်း ကွေးညွတ်တဲ့ မှန်တွေလား ? အရောင်ကာလာနဲ့ မှန်တွေလား ?

ဒါတွေအားလုံး ဖြစ်နိုင်ပါတယ်။ လုံခြံမှုလည်းရှိစေရမယ်။ FGI ရဲ့ ထုတ်ကုန်တွေဟာ ရိုးရိုးမှန်တွေထက် ပိုမိုမာကျောပြီး ကြံ့ခိုင်ပါတယ်။ ရုတ်တရက် အပူချိန်ပြောင်းလဲမူ ဒဏ်ကိုလည်း ခံနိုင်စွမ်းရှိပြီး အကယ်၍ မှန်ကွဲခဲ့ရင်တောင် ထိခိုက်ပြတ်ရှမယ့် အန္တရာယ်ကို နည်းပါးစေပါတယ်။ အိပ်မက်တွေကို လက်တွေ့ မြင်ရဖို့က လွယ်ပါတယ်။ စိတ်ကူးကြည့်လိုက်ပါ။ အင်အားတစ်ခုသာ လိုပါတယ်။

FLAT & CURVED TEMPERED GLASS

Tempered glass ကို ထုတ်လုပ်တဲ့အခါ ပထမဦးဆုံး မြင့်မားတဲ့ အပူချိန်ထဲ မှန်ကို အရင်ဆုံး ဖြတ်သန်းစေပါတယ်။ ထိုမှတဆင့် လျင်မြန်စွာ အအေးပြန်ခံပေးပြီး ထုတ်လုပ်ထားတဲ့အတွက် ရိုးရိုးမှန်တွေထက် မာကျောမှုအဆင့် လေးဆ ကနေ ငါးဆ ထိ ပိုုမိုုမာကျောပါတယ်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ အရှိန်အဟုန်ဖြင့် မှန်ကိုထိုးခွဲတဲ့အခါ ဘဲဥပုံ အလုံးအဝန်းပုံစံနဲ့ ကွဲထွက်တာကြောင့် မှန်ကွဲစရှမှာကို သောကဖြစ်နေစရာမလိုပါဘူး။ ဒါအပြင် FGI က tempered glass ကို ဗိသုကာလက်ရာ ပုံစံအမျိုးမျိုးမှာ အလှဆင်နိုင်အောင် အရည်အသွေးမြင့် စိတ်ချရတဲ့ curved tempered glass အခုံးအကွေး ပုံစံများ လည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ Tempered glass ကို အထူ 5,6,8,10 နဲ့ 12 မီလီမီတာ အတိုင်းအတာ အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။

LAMINATED GLASS

Laminated glass ဟာ တခြားမှန်တစ်ချပ်သုံး safety glass တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးဘေးကင်းလုံခြုံတဲ့ မှန်အမျိုးအစားဖြစ်ပါတယ်။ Laminated glass ကို မှန်နှစ်ချပ် ဒါမှမဟုတ် နှစ်ချပ်ထက်ပိုတဲ့ မှန်တွေနဲ့ ပေါင်းစပ်ထားပြီး ပြင်းထန်သောပြင်ပအားကြောင့် မှန်ကွဲခဲ့လျှင် ကွဲစများ လွင့်စင်ထွက်မသွားအောင် ကြာခံအလွှာ polyvinyl butyral (PVB) က စုစည်းထားပေးပါတယ်။ Laminated glass သည် ကွေးညွတ်နိုင်စွမ်းရှိသည့်အပြင် တုန်ခါမှုကိုလည်း ခံနိုင်ရည်ရှိသည်။ ကြားခံအလွှာ PVB ကြောင့် အရာဝတ္ထုတစ်ခုခု၏ ထွင်းဖောက်လာနိုင်ခြင်းကိုလည်း ကာကွယ်ပေးသည်။ အသံဆူညံမှုကို လျှော့ချပေးနိုင်သည့်အပြင် UV rays များ ဝင်ရောက်နိုင်မှုကိုလည်း ၉၉.၉ % ထိ တားစီးပေးနိင်စွမ်းရှိပါတယ်။ FGI က laminated glass များကို ဆန်းသစ်သောဒီဇိုင်းများ၊ အိမ်တွင်းအလှဆင်ခြင်းများတွင် အသုံးပြုနိုင်ရန် အရောင်အသွေး၊ အဆင်မျိုးစုံကို ထုပ်လုပ်ပေးနေပါတယ်။

INSULATING GLASS

Insulating glass ကို double glazing လို့လည်း ခေါ်ပါတယ်။ Insulating glass unit မှာ  မှန်နှစ်ချပ် သို့မဟုတ် သုံးချပ်ပါဝင်ပါတယ်။ အဲဒီထဲမှာ အနည်းဆုံး တစ်ချပ်ကိုတော့ low-e grade coding ပါတဲ့ မှန်ကိုု အသုံးပြုပေးရပါတယ်။ ပြီးမှ မှန်တွေ ကြားမှာ spacer material ခံပြီးတော့ ထိပ်စွန်းတွေမှာ ကပ်ရပါတယ်။ အဲဒီမှန်နှစ်ချပ်ကြား ဟာသွားတဲ့နေရာမှာ argon  သို့မဟုတ် krypton ဓာတ်ငွေ့ဖြည့်သွင်းထားပါတယ်။ ဒါကြောင့် အပူအအေးကို ထိန်းထားပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် insulating glass ရဲ့ အားသာချက်ကတော့ စွမ်းအင်ကို ချွေတာပေးနိုင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အထူးကိုက်ညီတဲ့ မှန်အမျိုးအစားလည်းဖြစ်ပါတယ်။ Insulating glass ရဲ့ နောက်ထပ်အားသာချက် တစ်ခုကတော့ ပြင်ပက ဝင်ရောက်လာတဲ့ ဆူညံသံတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အသုံးပြုဖို့ အထူးသင့်တော်တဲ့ မှန်အမျိုးအစားဖြစ်ပါတယ်။