သင့်ဆောက်လုပ်ရေး လိုအပ်ချက်တွေအတွက် အကောင်းဆုံး လုံခြုံမှုနှင့် ကြံ့ခိုင်မှု

ကမ္ဘာ့ ပထမတန်းစား မှန်

FGI ကနေ အကောင်ဆုံးကိုပဲ ထုတ်လုပ်ပါတယ်။ အသုံးပြုမယ့် မှန်တွေအတွက် Guardian Industries ကနေ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေကိုပဲ မှာယူအသုံးပြုပါတယ်။ Guardian ဟာ မူပိုင်ခွင့်များစွာနဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး အကောင်းဆုံး အရည်အသွေး စံချိန်မီ ထုတ်ကုန်တွေပဲ ထုတ်လုပ်တဲ့ နာမည်ရ လုပ်ငန်းပါ။ FGI ဟာ Guardianနဲ့ မေလ ၂၀၁၈ မှာ တရားဝင် မိတ်ဖက်လုပ်ငန်းအဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်မှာလည်း အရည်အသွေးမြင့် ထုတ်ကုန်တွေကို ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

၁၀၀ % စိတ်ကျေနပ်မူရှိရန် အာမခံ

FGI က ထုတ်လုပ်လိုက်တဲ့ safety glass တိုင်းရဲ့ အရည်အသွေးပိုင်းကို အပြည့်အဝ အာမခံပါတယ်။ ဒီမှန်တွေနဲ့ ပတ်သက်ပြီး အမှားရှိခဲ့ရင် အသေးငယ်ဆုံး အမှားကိုတောင် အချိန်မဆိုင်းပဲ ပြုပြင်ပေးမှာဖြစ်ပါတယ်။ မှန်တွေ တပ်ဆင်ပြီး တစ်နှစ်အတွင်း အမှားအယွင်း တစ်ခုခုရှိခဲ့ရင် FGI က ကွင်းဆင်းစစ်ဆေးပြီး လက်ခမဲ့ ပြုပြင်ထိန်းသိမ်းပေးသွားမှာပါ။

TOTAL QUALITY CONTROL

FGI မှာ အရည်အသွေးပိုင်းကို စီစစ် ထိန်းချုပ်ဖို့ နှစ်××××အတွေ့အကြုံရှိတဲ့ ကျွမ်းကျင် Q.C ဝန်ထမ်း ငါးယောက်ပါတဲ့ Q.C ဌာနကို သီးသန့်ဖွဲ့စည်းထားပါတယ်။ Q.C အဖွဲ့ကနေ စက်ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေ စံချိန်စံညွှန်း ကိုက်ညီမှု ရှိမရှိ အဆင့်တိုင်းမှာ စစ်ဆေးပါတယ်။ FGI က measurement tolerance  0.5 mm ထက်နည်းပြီး 1 square meter မှာ 2mm ထက် ကျော်လာရင် အဲဒီမှန်ကို ချက်ချင်းပယ်လိုက်ပါတယ်။

WHAT ISO 9001:2015 MEANS

ISO 9001 : 2015 ကို FGI ကရရှိထားခြင်းဟာ အကောင်းဆုံး အရည်အသွေးကို ပေးနိုင်တယ်ဆိုတဲ့ အာမခံချက်ပဲဖြစ်ပါတယ်။ ISO 9001 :2015ဆိုတာ နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး ထိန်းချုပ်ခြင်းဆိုင်ရာ စနစ်တစ်ခုပါ။ ဒီအချက်က အရည်အသွေး ထိန်းသိမ်းမှုနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိရေးအတွက် FGI ရဲ့ အမြဲမပြတ် အားထုတ်မှုကို သက်သေပြလျက်ရှိပါတယ်။ FGI ဟာ မြန်မာပြည်ရဲ့ ISO အသိအမှတ်ပြုလက်မှတ်ရထားတဲ့ တစ်ခုတည်းသော safety glass ထုတ်လုပ်သည့် စက်ရုံလည်း ဖြစ်ပါတယ်။

အကောင်းဆုံးကိုရဖို့ အချိန်ယူလိုပါတယ်

ရလဒ်ကောင်းတစ်ခုကို လိုရင် အချိန်ရင်းနှီးမြှပ်နှံဖို့ လိုအပ်ပါတယ်။ ထိုနည်းတူ FGI က အရည်အသွေး ကောင်းမွန်သေသပ်တဲ့ safety glass တွေကို ထုတ်လုပ်တဲ့နေရာမှာ အရည်အသွေးပိုင်း စိတ်ချရမှုရှိစေဖို့အတွက် အလေးထားပါတယ်။ ဒါကြောင့် မှန်တွေကို မြန်မြန်များများ မထုတ်ဘဲ အချိန်ယူပြီး စနစ်တကျထုတ်လုပ်ပါတယ်။ ဒီလို အချိန်ရင်းနှီးမြှပ်နှံမှုကြောင့် သူမတူ ထူးခြားတဲ့ အရည်အသွေးကို ရရှိလာပြီး customer တွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်ခြင်းဖြစ်ပါတယ်။